Post

သိုင်းလောကရဲ့စိန်ခေါ်သံ

၂၀၁၈ မှာပြန်ရိုက်ထားတဲ့ သိုင်းလောကရဲ့စိန်ခေါ်သံဇာတ်လမ်းတွဲက အတော်ကိုဆိုးတာပဲ။ ပထမတစ်ပိုင်းကို အတော်သည်းခံပြီးကြည့်တာတောင် အဆင်မပြေဘူး။

ဝတ္တုအတိုင်းရိုက်တာမဟုတ်တဲ့အပြင် ဇာတ်လမ်းကိုပါပြင်ထားသေးတယ်။ ရွေးထားတဲ့သရုပ်ဆောင်တွေကလည်း ဇာတ်ရုပ်နဲ့မလိုက်။ အတော့်ကိုအဆင်မပြေတာ။ ၂၀၀၁ ကရိုက်ထားတဲ့ဇာတ်ကားရဲ့ ခြေဖျားကို မမှီ။

ပြောသာပြောတာ ၉၆ တုန်းကရိုက်ထားတာလည်း သိပ်မထူးဘူး။

စိန်ခေါ်သံ ရိုက်ခဲ့သမျှထဲမှာ ၁၉၈၄ က ချောင်ယွန်ဖတ်သရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွဲနဲ့ ၂၀၀၁ က လီယာပန်သရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွဲ အကောင်းဆုံးပဲ။

၂၀၀၁ ဇာတ်လမ်းက မြဝတီကလွှင့်ဖူးတော့ သိုင်းကားကြိုက်တဲ့သူတော်တော်များများကြည့်ဖူးလောက်မယ်။

၁၉၈၄ တုန်းက The Smiling, Proud Wanderer ဆိုတဲ့နာမည်နဲ့။ ၂၀၀၁ မှာကျ Laughing in The Wind လို့ နာမည်ပေးထားတယ်။ တရုတ်နာမည်ကတော့ Xiao Ao Jiang Hu - 笑傲江湖 ပေါ့။

ဘာရယ်မဟုတ်ဘူး။

အကြွေးတွေပိပြီး မဖြေခင်သေသွားသင့်တဲ့စာမေးပွဲတွေ တန်းစီနေပြီမို့ သိုင်းလောကထဲပြန်ဝင်ဖို့ကြိုးစားနေတာ..။

This post is licensed under CC BY 4.0 by the author.